Burma Studies Group | မြန်မာနိုင်ငံ လေ့လာရေးအဖွဲ့၊

Burma Studies Group (BSG) သည် Association for Asian Studies (AAS) အဖွဲ့အစည်းလက်အောက်တွင် ဖွဲ့ထားသော အရှေ့တောင်အာရှကောင်စီ (SEAC) ၏ ကော်မတီခွဲတစ်ခုဖြစ်သည်။

BSG ၏ ရည်ရွယ်ချက်မှာ 

  • မြန်မာ့အရေးကို စိတ်ဝင်စားသူအားလုံး၏ အသိပညာဆိုင်ရာ၊ နိုင်ငံရေးမဟုတ်သော၊ အကျိုးအမြတ်မယူသော ပရော်ဖက်ရှင်နယ်အသင်းအဖွဲ့ကို ဖွဲ့စည်းရန်၊
  • မြန်မာ့အရေးကို စိတ်ပါဝင်စားစွာ လေ့လာနိုင်စေရန်၊
  •  ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းများနှင့် မြန်မာနိုင်ငံ လေ့လာရေး မြှင့်တင်ရေး အတွက် ရည်ရွယ်၍ အသိပညာထုတ်ဝေဖလှယ်ရာ နည်းလမ်းများ ပံ့ပိုးပေးရန်၊
  • မြန်မာနိုင်ငံလေ့လာမှုနယ်ပယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို မြှင့်တင်ရန်၊
  • မြောက်အမေရိကရှိ မြန်မာပညာတော်သင်များ၊ အခြားနိုင်ငံများမှ စိတ်ဝင်စားသော ပညာရှင်များနှင့် ပညာတော်သင်အဖွဲ့အစည်းများအကြား ဆက်သွယ်ဖလှယ်မှု လွယ်ကူချောမွေ့စေရန်တို့ ဖြစ်သည်။
Myanmar Manuscript Digital Library (MMDL) | မြန်မာ လက်ရေးမူဒီဂျစ်တယ်စာကြည့်တိုက်

University of Toronto မှ ဦးစီးပြီး Robarts Library တို့မှ ထောက်ပံ့ကူညီထားသည့် မော်ကွန်းမှတ်တမ်းများသည် မြန်မာနိုင်ငံအနှံ့ရှိ စာကြည့်တိုက်များမှ လက်ရေးမူဖြင့် ရေးသားထားသည့် သုတေသနစာတမ်းများနှင့် ရှားပါးသည့် သုတေသနပုံနှိပ်စာအုပ်စာတမ်းများအား စုစည်းတင်ဆက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ အဆိုပါ မော်ကွန်းမှတ်တမ်းများသည် William Pruitt၊ နိုင်ငံတကာရှိ မြန်မာပညာရှင်များနှင့် ပါဠိဘာသာ ကျွမ်းကျင်ပညာရှင်များမှ ၂၀၁၂ ခုနှစ်မှ စတင်ဦးဆောင်၍ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည့် ဒစ်ဂျစ်တယ်စီမံကိန်းတခုအတွက် ပလက်ဖောင်းတခုဖြစ်ရန်လည်း ရည်ရွယ်ပါသည်။  အဆိုပါ စီမံကိန်းအား ၂၀၁၂ ခုနှစ်မှစတင်ကာ Pali Text Society၊  Sendai National College of Technology ရှိ Yumi Ousaka နှင့် KDDI ဖောင်ဒေးရှင်း၊ Mitsubishi ဖောင်ဒေးရှင်း၊ CARI ဖောင်ဒေးရှင်းနှင့် JSPS Kakenhi တို့မှ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပေးအပ်ထားခြင်းဖြစ်ပါသည်။

Inya Institute | အင်းယား အင်စတီကျု

The Inya Institute (အင်းယား အင်စတီကျု) သည် ရန်ကုန်မြို့အခြေစိုက် အဆင်မြင့်ပညာရပ်များ လေ့လာသည့် အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် လူမှုသိပ္ပံဆိုင်ရာ ဘာသာရပ်များ၊ အနုပညာနှင့် လူမှုရေးဘာသာရေးရပ်များအား လေ့လာမြှင့်တင်ရန် တည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။  အင်းယားအင်စတီကျုသည် နိုင်ငံရေးနှင့် ဘာသာရေးအရ ဘက်လိုက်မှုကင်းပြီး အမြတ်အစွန်းမယူသည့် ဘွဲ့ဒီဂရီများပေးအပ်နိုင်ခြင်းမရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။

Center of Burma Studies, Nothern Illinois University | မြန်မာပြည်ဆိုင်ရာလေ့လာရေးစင်တာ၊ မြောက်အီလီနွိုင်း တက္ကသိုလ် (NIU)

Northern Illinois University (မြောက်အီလီနွိုင်း တက္ကသိုလ်) သည် မြန်မာပြည်လေ့လာရေးစင်တာအဖြစ် သတ်မှတ်ရန် အာရှနိုင်ငံများလေ့လာရေးဆိုင်ရာ အစည်းအရုံး (Association for Asian Studies) ရှိ မြန်မာပြည်ဆိုင်ရာလေ့လာရေးအဖွဲ့ (Burma Studies Group) မှ ရွေးချယ်ခြင်းကို ခံခဲ့ရပါသည်။ Burma Studies Foundation အား မြောက်အီလိနွိုင်း တက္ကသိုလ်ရှိ မြန်မာပြည်ဆိုင်ရာလေ့လာရေးစင်တာအတွက် လိုအပ်သည့် သုတေသနစာအုပ်စာတမ်းများ လုံလောက်စွာတည်ရှိနိုင်ရေး စုဆောင်းရှာဖွေပေးရန် ရည်မှန်းချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။ 

Programme On Modern Burmese Studies (Oxford) | ခေတ်သစ်မြန်မာလေ့လာရေး(အောက်စ်ဖို.ဒ် (Oxford)

စုံလင်သည့် ပညာရပ်နယ်ပယ်များအား အခြေခံကာ မြန်မာအရေးလေ့လာသည့် ခေတ်သစ်မြန်မာလေ့လာရေးအဖွဲ့သည် အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ  St Antony’s Collegeတွင် တည်ရှိပါသည်။ အဆိုပါအဖွဲ့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများပေါ်ပေါက်ခဲ့စဥ်က မြန်မာ့အရေးနှင့် ပတ်သက်သည့် အတွေးအမြင်သစ်များနှင့် နိုင်ငံရေးအရေ အချေအတင်အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေသည့် နယ်စပ်ဒေသများနှင့် ပတ်သက်သည့် အကြောင်းအရာများအား ထုတ်ဖော်ရေးသားနိုင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် ခေတ်သစ်မြန်မာလေ့လာရေးအဖွဲ့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တောင်နှင့်အရှေ့အာရှနိုင်ငံများတွင် တည်ရှိသည့် လူမှုကူးလူးဆက်ဆံမှုများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်း သုတေသနပြု ထုတ်ဖော်ရေးသားလျက်ရှိပါသည်။ 

Myanmar-Institut | မြန်မာ အင်စတီကျု

The Myanmar-Institut (မြန်မာ အင်စတီကျု)သည် မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံအရေးအတွက် အလုပ်လုပ်ကိုင်နေကြသည့် ဂျာမန်လူမျိုးပညာရှင်များ အချင်းချင်းကြား ကွန်ယက်တည်ဆောက်ရန်နှင့် ချိတ်ဆက်မှုများ အားကောင်းမောင်သန်ပြုလုပ်နိုင်ရန် ရည်သန်ကာ တည်ထောင်ထားသည့် ပညာရပ်ဆိုင်ရာ academic အဖွဲ့အစည်းတခုဖြစ်ပါသည်။

Myanmar Research Center, Australia National University (ANU) | မြန်မာသုတေသနစင်တာ၊သြစတြေးလျ အမျိုးသားတက္ကသိုလ်

သြစတေးလျအမျိုးသားတက္ကသိုလ်သည် မြန်မာပြည်အရေး အထူးပြုလေ့လာသည့် ပညာရှင်များ အများဆုံးစုစည်းရာဌာနေဖြစ်ပါသည်။ မြန်မာသုတေသနစင်တာသည် သြစတြေးလျ အမျိုးသားတက္ကသိုလ်နှင့် မြန်မာနိုင်ငံတို့အကြား ကူးလူးဆက်ဆံမှုများအား အွန်လိုင်းမှ တင်ဆက်ပေးခြင်း၊ အဆိုပါတက္ကသိုလ်မှ​ မြန်မာပြည်အရေးလေ့လာနေသည့် ပညာရှင်များအကြား ဆက်သွယ်ဆောင်ရွက်မှုများအား လွယ်ကူချောမွေ့စေရန် ကူညီပေးခြင်း၊ တက္ကသိုလ်သို့ မြန်မာပြည်ဆိုင်ရာ အရေးကိစ္စများ လာရောက်လေ့လာကြသူများအတွက် ပညာရပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများ ပံ့ပိုးပေးခြင်း၊ သုတေသနရန်ပုံငွေလျှောက်လွှာတင်ခြင်း ကိစ္စရပ်များတွင် ညှိနှိုင်းပေးခြင်း၊ မြန်မာပြည်အရေးလေ့လာမှုများနှင့် ပတ်သက်သည့် အခမ်းအနားများအား  စုဖွဲ့မှုတခုအောက်တွင် ခိုင်မာကျစ်လစ်စွာ စီစဥ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိပါသည်။

Myanmar Studies at ISEAS | မြန်မာပြည်ဆိုင်ရာ လေ့လာရေး ISEAS

မြန်မာပြည်ဆိုင်ရာလေ့လာရေးအစီအစဥ် (ISEAS)သည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အရေးကိစ္စများနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းဖြစ်စဥ်တွင် ပေါ်ပေါက်လာသည့် အရေးကိစ္စများအား မူဝါဒဆိုင်ရာ သုတေသနပြုခြင်းများကို ပြုလုပ်လျက်ရှိပါသည်။  မြန်မာပြည်ဆိုင်ရာလေ့လာရေးစင်တာရှိ သုတေသီများအနေဖြင့် တဦးတည်းသော်လည်းကောင်း၊ အခြားပညာရှင်များနှင့် ပူးပေါင်း၍သော်လည်းကောင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် အကြောင်းအရာများအား ဆန်းစစ်ဝေဖန်သုံးသပ်ချက်များနှင့် မူဝါဒအခြေပြု အကြံပြုချက်များအား သုတေသနများ၊ ဟောပြောပွဲများ၊ ညီလာခံများ၊ တိုင်ပင်ဆွေးနွေးအကြံပေးမှုများနှင့် စာအုပ်စာတမ်းများ ရေးသားထုတ်ဖော်ခြင်းများမှတဆင့် ဆောင်ရွက်လျက်ရှိပါသည်။